ရန်ကုန်- မြန်မာသံတော်ဆင့်ဂျာ နယ်၏ ငွေကြေးစီးဆင်းလည်ပတ် ပုံနှင့်
အယ်ဒီတာချုပ်၏ ကိုယ်ရေး ရာဇ၀င် အသေးစိတ်ကို မေးမြန်း ရန်
ရဲအထူးသတင်းတပ်ဖွဲ့က သံတော်ဆင့်အယ်ဒီတာချုပ် ဦး ကျော်စွာဝင်းအား အောင်သပြေ
စစ်ကြောရေးစခန်းသို့ ဇူလိုင် ၂၃ ရက်က ခေါ်ယူတွေ့ဆုံခဲ့ကြောင်း
သတင်းရရှိသည်။
‘‘မြန်မာသံတော်ဆင့် ဖြစ် ပေါ်လာပုံနဲ့ အယ်ဒီတာချုပ်ရဲ့သမိုင်းကြောင်း၊
ငွေကြေးလည်ပတ်ပုံတွေကို ဖိတ်ခေါ်မေးမြန်းတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း
လိုအပ်ရင် ထပ်ဖိတ်ခေါ်မေးမယ်လို့ ပြောပါတယ်။ အရင်တစ်ခါထက် ပိုသွားတာက
အယ်ဒီတာချုပ်ရဲ့ နောက်ကြောင်း ရာဇ၀င်ကို အသေးစိတ်မေးတာပါ။
ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ ဘယ်သူ့ဆီကမှ တစ်ပြားတစ်ချပ်ယူပြီး
ထောက်ပံ့ခံပြီးဂျာနယ်ထုတ်နေတာ မဟုတ်ပါဘူး။ သူတို့ဘက်က တလေးတစားနဲ့
ဖိတ်ခေါ်ပြီးမေးရင် ကျွန်တော်တို့က ဖြေဖို့အသင့်ပါပဲ’’ဟု ခေါ်ယူတွေ့ဆုံမှုတွင်
ပါဝင်ခဲ့သည့် တာဝန်ခံအယ်ဒီတာ ဦးအောင်ကိုကိုကပြောကြားသည်။
ဂျာနယ်တိုက်များ၏ ဘဏ္ဍာ ရေးဆိုင်ရာ အခြေအနေများကို ရဲသတင်းတပ်ဖွဲ့က
ခေါ်ယူစစ် ဆေးမှုများအနက် သံတော်ဆင့် ဂျာနယ်တိုက်မှာ ဒုတိယအကြိမ်
ခေါ်ယူစစ်ဆေးခံရခြင်းလည်းဖြစ် သည်။
‘‘သံတော်ဆင့်ကို နည်းနည်း ပါးပါး မေးမြန်းစရာရှိလို့ ခေါ်ပြီး
စစ်ဆေးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အင်းစိန်ထောင်ကိုပို့တာ တော့
မဟုတ်ရပါဘူးဗျာ။ သတင်း အမှားတွေပါ’’ဟု ၎င်းကပြော သည်။
သံတော်ဆင့်ဂျာနယ်တိုက် သို့ ဇူလိုင် ၂၂ရက်တွင် ရဲသတင်းတပ်ဖွဲ့က
လာရောက်ခဲ့ရာ ဂျာနယ်တိုက် တာဝန်ရှိသူများမရှိ၍ နောက်တစ်ရက်တွင်
အောင်သပြေစစ်ကြောရေးစခန်းသို့ လာရောက်ရန်ဖိတ်ခေါ်စာဖြင့်
ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ခံအယ်ဒီတာဦးအောင်ထွန်းလင်းက ပြောသည်။
မြန်မာသံတော်ဆင့်ဂျာနယ် မှာ ဦးဆန်းဆင့်နှင့်ပတ်သက်သည် ဟု
သတင်းများထွက်ပေါ်နေခြင်း မှာ လုံးဝမဟုတ်မှန်သည့်အပြင် ယမန်နေ့က
ဦးဆန်းဆင့်၏ ရုံး ထုတ်စစ်ဆေးမှုအပြီး သံတော် ဆင့်ကို
ထပ်ခံခေါ်ယူစစ်ဆေးခြင်း
မှာလည်း လုံးဝပတ်သက်မှုမရှိ ကြောင်း ဦးအောင်ကိုကိုက ပြောသည်။
‘‘ဦးဆန်းဆင့်တင်မကဘူး။ အဘတော်တော်များများနဲ့ ကျွန် တော်တို့က
ပုဂ္ဂိုလ်ရေးအရ ရင်းနှီး ပါတယ်။ ကျွန်တော်တို့က အရင် ပြည်ခိုင်ဖြိုးမှာ
လုပ်ခဲ့တာကိုး။ ဒါ ပေမဲ့ ဦးဆန်းဆင့်ဆီက ငါးပြား တစ်စေ့မှ အထောက်အပံ့မယူ
ထားပါဘူး။ ဘာမှပတ်သက်မှုမရှိ ပါဘူး။ သူရုံးထုတ်လို့ ကျွန်တော်
တို့ကိုခေါ်တွေ့တာလည်း မဟုတ် ပါဘူး’’ဟု ၎င်းကပြောသည်။
ရဲသတင်းတပ်ဖွဲ့က အောင် သပြေစခန်းသို့ ခေါ်ယူမှုတွင် သံ တော်ဆင့်၏
အယ်ဒီတာချုပ် ဦး ကျော်စွာဝင်းနှင့်အတူ တာဝန်ခံ အယ်ဒီတာ
ဦးဆန်းဝင်းထွန်းနှင့် ဦးအောင်ကိုကိုတို့ လိုက်ပါသွား ကြောင်း
သတင်းရရှိသည်။
http://www.7daydaily.com/story/16634
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment