အလုပ်ရှင်နှင့်
အလုပ် သမား ပြဿနာများ လျော့နည်း စေရန် နိုင်ငံတော်သမ္မတ၏ ညွှန် ကြားမှုဖြင့်
အလုပ်သမားဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများက
စက်မှုဇုန်အ တွင်းရှိ စက်ရုံများကို လိုက်လံစစ် ဆေးမှုပြုလုပ်နေကြောင်း သ
တင်းရရှိသည်။
‘‘အပေါ်မှာပဲ ထိုင်မနေဘဲ အောက်ခြေက အခြေအနေကို တိတိကျကျ သိအောင်စစ်ဆေး ခိုင်းတဲ့သဘောပါ’’ဟု လှိုင်သာ ယာစက်မှုဇုန်စီမံခန့်ခွဲမှု ကော်မ တီဥက္ကဋ္ဌဦးမြတ်သင်းအောင်က ပြောကြားသည်။
စက်မှုဇုန်ရှိ စက်ရုံ အလုပ် ရုံများတွင် အလုပ်ရှင်အလုပ်သ မားပြဿနာများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြဿနာများစွာဖြေ ရှင်းနေရခြင်း၊ ထိုကဲ့သို့ ပြဿနာ များကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုနှင့် အထည်ချုပ် စက်ရုံများအတွက် နိုင်ငံခြားအမှာ လျှော့ချမှုများရှိနေခြင်းကြောင့် နိုင်ငံတော်သမ္မတကိုယ်တိုင်က ၀န်ကြီးများဦးဆောင်၍ ဖြေရှင်း ရန် ညွှန်ကြားထားကြောင်း အ ထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။ ယင်းသို့ စစ်ဆေးရာတွင် အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်သမားများနှင့်တွေ့ဆုံပြီး ပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရသည်။
ယခင်က စက်မှုဇုန်ရှိ စက်ရုံများကို စစ်ဆေးရာတွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ချုပ်များ၊ ညွှန်ကြားရေးမှူးများကသာ အ များစု စစ်ဆေးလေ့ရှိသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် စစ်ဆေးမှုများသည် ဥပဒေများတွင် ပါဝင်သော အလုပ်ရှင်များ၏ ရပိုင်ခွင့် တာဝန်နှင့် အလုပ်သမား များ၏ ရပိုင်ခွင့်တာဝန်များကို အဓိကထားရှင်းလင်းပေးကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
‘‘အခု စစ်ဆေးဖြေရှင်းမှုတွေ က စက်ရုံတွေအထိ သွားမှာပါ။ အရင်ကဆို ပြည်ထောင်စုဝန် ကြီး၊ ဒုဝန်ကြီးတွေလာရင် ကော် မတီရုံးမှာပဲ တွေ့တာများတယ်။ အဲဒီမှာတော့ အလုပ်သမားတွေ လာဖို့က မလွယ်ဘူး’’ ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အောက်ခြေ၀န်ထမ်း များတွင် အဂတိလိုက်စားမှုများ ရှိသဖြင့် ၀န်ကြီးများကိုယ်တိုင် စက်ရုံသို့ လာရောက်စစ်ဆေးမှ သာ အလုပ်သမားများ၏ အခြေ အနေမှန်ကိုသိရပြီး ပြဿနာများ ဖြေရှင်းရန် ပိုမိုလွယ်ကူမည်ဖြစ် ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသော ရှေ့နေဦး ဌေးက ပြောကြားသည်။
ထို့အပြင် မာစတာစပေါ့ ပြဿနာ နောက်ပိုင်းအလုပ်ရှင် နှင့် အလုပ်သမားများ လိုက်နာ ရမည့်စည်းကမ်းချက်များ၊ ရပိုင် ခွင့်နှင့် တာဝန်ဝတ္တရားများကို စက်မှုဇုန်များတွင် အလွယ်တကူတွေ့မြင်သိရှိရန် ဗီနိုင်းများဖြင့် စာရေးသားဖော်ပြထားရန်လည်း အလုပ် သမားဝန်ကြီးဌာနက ဦးဆောင် စီစဉ်နေသည်။
မာစတာစပေါ့ စက်ရုံအလုပ် သမားပြဿနာတွင် သံရုံးမှ တုံ့ ပြန်မှုနှင့် နိုင်ငံတော်အစိုးရ၏ ဖြေ ရှင်းမှုများအပေါ် အလုပ်သမားအ ရေးဆောင်ရွက်နေသူများက ဝေ ဖန်ပြောဆိုမှုများ ရှိနေသည်။ စက် ရုံပိုင်ရှင်ကိုရီးယားနိုင်ငံသားမှာ အလုပ်သမားများအား တစ်လစာ လုပ်ခနှင့် နစ်နာကြေးမပေးဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးမှု ကြောင့် ယခုကဲ့သို့ ပြဿနာများ ကြီးထွားလာခြင်း ဖြစ်သည်။
http://www.7daydaily.com/story/16655#.U9KOatXlaJA

0 မှတ်ချက်များ:
Post a Comment