Blogroll

ဓာတ်ပုံ - သက်ထွန်းနိုင်/ဧရာဝတီ

အစိုးရ စက်မှုလက်မှုသိပ္ပံ အင်းစိန် GTI ကို ဂျာမဏီနိုင်ငံ နှင့်ပူးပေါင်းပြီး ပြန်လည်အဆင့်မြှင့်တင်ကာ ယခုပညာသင်နှစ်(၂၀၁၇-၂၀၁၈)တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ အင်းစိန်GTI တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာနနှင့် ဂျာမနီနီုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အထိမ်းအမှတ် အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးကပြောကြားသည်။

ဓာတ်ပုံ - သက်ထွန်းနိုင်/ဧရာဝတီ

၁၇ နှစ်ကြာ ပိတ်ထားခဲ့သည့် အဆိုပါ အင်းစိန်GTI ကျောင်းကို ဒီဇင်ဘာလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျပ်စစ်အင်ဂျင်နီယာ စသည့် ဘာသာရပ် ငါးခုကို သင်ကြားပေးမည်ဖြစ်ကာ  သိပ္ပံတွဲဖြင့် ဆယ်တန်းအောင်မြင်ပြီး ကျောင်းသူကျောင်းသား၂၀၀ ကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

0 မှတ်ချက်များ:

Post a Comment

 
Top