Blogroll

မြန်မာ့တပ်မတော်က မှာယူထားသော ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်သည့် JF – 17  Thunder FC- 1 ဂျက်တိုက်လေယာဉ်များ တရုတ်နိုင်ငံတွင် စမ်းသပ်ပျံသန်းနေသည့် ဓာတ်ပုံများသည် တရုတ်အွန်လိုင်း မီဒီယာတစ်ခု၌ ပထမဆုံးထွက်ပေါ်လာကြောင်း Janes သတင်းဌာနက ဖော်ပြခဲ့သည်။

Janes သတင်းဌာနက ဖော်ပြထားမှုကို တွေ့ရစဉ်

Janes သတင်းတွင် ဖော်ပြမှုအရ အဆိုပါ ဓာတ်ပုံများသည် ဇွန် ၁၃ ရက်က ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး JF-17 ဂျက်တိုက်လေယာဉ်ကို တရုတ်နိုင်ငံ ချန်ဒူးမြို့ရှိ Chengdu Air –craft Industry Corporation ပိုင် လေယာဉ်ကွင်းတွင် စမ်းသပ်ပျံသန်းနေမှုဖြစ်ကြောင်း သိရသည်။
အဆိုပါ JF-17 Thunder FC-1 ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များကို Pakistan Aeronautical Complex (PAC) နှင့် Chengdu Aircraft Industry Corporation (CAC) တို့က ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံက ၀ယ်ယူထားသည်မှာ  Block 2 အမျိုးအစားဖြစ်ကြောင်း သိရသည်။
JF-17 Block 2 အမျိုးအစားသည်  Block 1 အမျိုးအစားထက် ကုန်ကျစရိတ်ပိုမို သွားသော်လည်း ဝေဟင်တွင် ဆီဖြည့်သည့် စနစ်ပါဝင်လာသလို အာရုံခံစနစ်နှင့် အီလက်ထရွန်းနစ် စနစ်များလည်း သာလွန်ကြောင်း သိရသည်။ ထို့ပြင် CAC ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သည့် တရုတ်အစိုးရပိုင် Aviation Industry Corporation of china (AVIC) ကုမ္ပဏီအနေဖြင့် မြန်မာ့တပ်မတော် (လေ) တွင် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့်  Chengdu J- 17 တိုက်လေယာဉ်များနေရာတွင် JF- 17 လေယာဉ်များဖြင့် အစားထိုးရန်အတွက် နည်းပညာအကူအညီများလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Janes သတင်းတွင် ဖော်ပြထားသည်။
ယခုထွက်ပေါ်လာသည့် လေ့ကျင့်ပျံ သန်းမှုဓာတ်ပုံများအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် JF- 17 ဂျက်တိုက်လေယာဉ်များကို လက်ခံရရှိရန် မျှော်လင့်ရကြောင်းနှင့် မြန်မာနိုင်ငံသည် JF-17 တိုက်လေယာဉ်ကို ပထမဆုံးဝယ်ယူသည့် နိုင်ငံဖြစ်လာတော့မည် ဖြစ်ကြောင်းလည်း Janes သတင်းတွင် ဖော်ပြထားသည်။
JF- 17 တိုက်လေယာဉ်ကို နိုင်ဂျီးရီးယားနိုင်ငံကလည်း သုံးစင်းဝယ်ယူရန် ကမ်းလှမ်းထားပြီး ပါကစ္စတန်လေတပ်တွင် ၈၆ စင်းအထိ အသုံးပြုနေကြောင်း သိရသည်။
မြန်မာ့တပ်မတော်အနေဖြင့် ယခုနှစ် အစောပိုင်းကလည်း ရုရှားနိုင်ငံမှ YAK -130 တန်းမြင့် အမောင်းသင်လေယာဉ် ပထမအသုတ်ကို လက်ခံရရှိခဲ့သည်။

ငိမ်းကို

0 မှတ်ချက်များ:

Post a Comment

 
Top