Blogroll


ကုန်သွယ်မှုညွန်ကြားမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းအတွက် လာရောက်လုပ်ကိုင်နေသော ပုဂ္ဂလိက၀န်ထမ်းတစ်ဦးကိုတွေ့ရစဉ်(ဓာတ်ပုံ−နစ်ကီ)

 နိုင်ငံဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်ကို (၆၃)နှစ်အထိ တိုးမြှင့်လိုက်သည် ဆိုသော သတင်းများထွက်ပေါ် နေမှုမှာ မမှန်ကန်ကြောင်း ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

နိုင်ငံဝန်ထမ်းများ သက် ပြည့်ပင်စင်ယူရမည့် အသက်ကို ၆၀ နှစ်မှ သုံးနှစ်တိုးပြီး ၆၃ နှစ် ပြည့်မှသာ သက်ပြည့်ပင်စင်ပေး မည်ဆိုသည့်  သတင်းစကား များအနေဖြင့် မှန်ကန်မှုမရှိဟု ဇူ လိုင် ၂၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက လာရောက်ရှင်းလင်း တင်ပြခဲ့သည်။

ဇူလိုင် ၂၄ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ မြောင်မဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အုန်းငွေ၏ အသက် (၆၀) အစား (၆၃) နှစ်ပြည့်မှသာ သက်ပြည့် ပင်စင်သတ်မှတ်မည်မှာ မှန်ကန် မှုရှိ၊ မရှိ  မေးမြန်းမှုကို ပြည် ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

 ‘‘ခုလောလောဆယ်မှာ ဘယ်ဝန်ကြီးဌာနကတော့ စာ ရောက်ပြီ ဘယ်ရုံးတော့ စာထွက် ပြီ၊ ဘယ်ဝန်ကြီးဌာနကတော့ ၆၃ မှာ ပင်စင်ပေးတယ်ဆိုတဲ့ ကော လာဟလတွေဖြစ်နေပါတယ်’’ဟု ပြည်သူ့လွှတ်တော်  ကိုယ်စား လှယ်ဦးအုန်းငွေက  လွှတ်တော် သို့ တင်ပြခဲ့သည်။

၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန် ထမ်းများ နည်းဥပဒေတွင် ၀န် ထမ်းတစ်ဦးအငြိမ်းစားယူရမည့် နေ့ရက်သည် ယင်းဝန်ထမ်း အ သက် (၆၀) ပြည့်သည့်နေ့ရက် ဖြစ်သည်ဟု အတိအကျဖော်ပြ ထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပ ဒေများအရ လောလောဆယ် ဆယ်တွင် ၀န်ထမ်းတစ်ဦးအငြိမ်း စားယူရမည့် အသက်သည်(၆၀) ပြည့်နှစ်ဖြစ်သည်ဟု ပြည်ထောင် စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက  ပြော သည်။

၂၀၁၃ ခုနှစ် မေလ ၈ ရက် က နိုင်ငံဝန်ထမ်းဥပဒေကို ပြဋ္ဌာန်းထားခဲ့ပြီး နည်းဥပဒေများကို ယခု နှစ်မတ်လ ၂၆ ရက်က ပြဋ္ဌာန်း ထားခဲ့ခြင်းဖြစ်သည်။

http://www.7daydaily.com/story/16672

0 မှတ်ချက်များ:

Post a Comment

 
Top