Blogroll

မီဒီယာများအပေါ် အ ရေးယူမှုများကို ပြန်လည်သုံးသပ် ရမည့်ကိစ္စမှာ တရားစီရင်ရေး မဏ္ဍိုင်၏ အခွင့်အာဏာဖြစ်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် သက်ဆိုင် ခြင်းမရှိဟု ရှင်းလင်းစွာ ရှုမြင်ရန် လိုကြောင်း  သမ္မတရုံးက ပြည် ထောင်စုလွှတ်တော်နာယက၏ သ၀ဏ်လွှာကို တုံ့ပြန်လိုက်ကြောင်း သတင်းရရှိသည်။

‘‘ဒါက ဥပဒေအရ လုပ်တာ ဖြစ်တယ်။ တရားရုံးကလည်း ဥပ ဒေပြဋ္ဌာန်းချက်အတိုင်း စစ်ဆေး စီရင်ရတာဖြစ်တယ်။ ဥပဒေက ပြစ်ဒဏ်များလွန်းတယ်ဆိုတာက အုပ်ချုပ်ရေးကိုရော တရားရေး မဏ္ဍိုင်ကိုရောပြောတာ သဘာဝ မကျဘူးထင်ပါတယ်။ မီဒီယာ တွေအနေနဲ့ ဥပဒေက မဖြစ်သင့် ဘူး။ ထောင် ၁၀ နှစ်များတယ်ယူ ဆရင် ဒီဥပဒေကို ဘယ်လိုပြင် မလဲသုံးသပ်သင့်ပါတယ်။ နောက်နိုင်ငံတော်လျှို့ဝှက်ချက်၊ စစ်ရေး ဆိုင်ရာလျှို့ဝှက်ချက်တွေကို အား လုံးဖွင့်ချသင့်တယ်ဆိုရင်လည်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ လုပ် သင့်ပါတယ်။ အစိုးရက ၀င်စွက် ဖက်လို့မရပါဘူး’’ဟု သမ္မတရုံး၏ အကြီးတန်းအရာရှိတစ်ဦးကပြော ကြားသည်။

ဦးရွှေမန်းက သမ္မတထံ ပေး ပို့သော သ၀ဏ်လွှာတွင် သတင်း မီဒီယာများအနေဖြင့် အကူးအ ပြောင်းအတွေ့အကြုံနုနယ်ပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ်ပြင်း ထန်သည့်အတွက်  အချို့ကိစ္စ များတွင် လွန်ကဲသော ရေးသား ပြောဆိုမှုများ  ရှိနိုင်ပါကြောင်း လည်း ဖော်ပြထားသည်။

ဦးရွှေမန်း၏ သ၀ဏ်လွှာကို သတင်းမီဒီယာလောကသားများ က ကြိုဆိုခဲ့ကြပြီး သမ္မတရုံးကမူ ယူနတီကိစ္စသည် သတင်းလွတ် လပ်ခွင့်ကို ဖိနှိပ်ခြင်းမဟုတ်ဘဲ ကန့်သတ်ဧရိယာအတွင်း ၀င် ရောက်၍ လုံခြုံရေးကျိုးပေါက်မှု အရ ဥပဒေချိုးဖောက်သူကို အရေးယူခြင်းဖြစ်ပြီး သတင်း ထောက်ကိုအရေးယူခြင်းမဟုတ် ကြောင်း အဆိုပါအရာရှိကဆက် လက်ပြောကြားသည်။

လက်ရှိတွင် ယူနတီသတင်း ထောက် လေးဦး၏ အမိန့်ကို တိုင်းတရားရုံးသို့ အယူခံတင်ထား ပြီးတရားရုံးကလည်း အယူခံကို လက်ခံထားသည်။

http://www.7daydaily.com/story/16671

0 မှတ်ချက်များ:

Post a Comment

 
Top