Blogroll

သတင်းစာတိုက်များကို ခေါ်ယူတွေ့ဆုံခြင်း၊ သတင်း ထောက်များကို အရေးကြီးပုဒ်မ များဖြင့် အချိန်မတော်ဖမ်းဆီး တရားစွဲဆိုမှုများပြုလုပ်နေသော ရဲသတင်းအထူးအဖွဲ့အား ယခင် ထောက်လှမ်းရေးအဖွဲ့၏ လုပ်ရပ် များအတိုင်း ပြုလုပ်နေခြင်းဖြစ် ကြောင်း ဝေဖန်မှုများအပေါ် ငြင်း ဆိုလိုက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ရဲမှူးကျော်စိုးက ပြောသည်။

‘‘ကကလှမ်း(ထောက်လှမ်း ရေးလို လုပ်တာမဟုတ်ပါဘူး။ အခုဖမ်းဆီးထားသူတွေနဲ့လည်း မိသားစုဝင်တွေ တွေ့ခွင့်ရနေတာ ပဲ။ သတင်းစာတိုက်တွေနဲ့ တွေ့ ဆုံတာကလည်း စစ်ဆေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သတင်းအဖွဲ့ဖြစ်တဲ့အတွက် ခင် ဗျားတို့ သတင်းထောက်တွေလိုပဲ သတင်းတွေယူဖို့ တာဝန်ရှိလို့ ဆွေးနွေးတာပါ။ စစ်မေးတာ တောင်မဟုတ်ပါဘူး’’ဟု ၎င်းက ပြောကြားသည်။

သတင်းမီဒီယာများကို တွေ့ ဆုံဆွေးနွေးခြင်းဆက်လက်လုပ် ဆောင်သွားရန်ရှိပြီး လိုအပ်၍ ခေါ်ယူဆွေးနွေးခြင်းဖြစ်ပြီး အ သေးစိတ်ကိုမူ ဆက်ပြော၍ မရ ကြောင်း ရဲမှူးကျော်စိုးကဆက် လက်ပြောသည်။

ရဲအဖွဲ့မှာ ပြည်ထဲရေးဝန် ကြီးဌာန၏ လက်အောက်ခံဖြစ် သည့်အတွက် အထက်အမိန့် ညွှန်ကြားချက်များဖြင့် လုပ် ဆောင်ခြင်းဖြစ်နိုင်ပြီး ယခုသတင်းထောက်များကို ၀ရမ်းမပါဘဲ ဖမ်း ဆီးခေါ်ဆောင်သွားခြင်းများမှာ ယခင်အစိုးရလက်ထက်က စနစ် များနှင့် ရောထွေးနေသည်ဟု သုံး သပ်ရကြောင်း မြန်မာ့ဖရီးဒမ်းနေ့ စဉ်သတင်းစာအယ်ဒီတာချုပ် ဦး သီဟစောကပြောသည်။

‘‘သူတို့လုပ်နေတဲ့ စနစ်ကို အရမ်းတော့ မဝေဖန်ချင်ဘူး။ ဒါ ကြောင့် သမ္မတနဲ့တွေ့ပြီး ဒီလို အရမ်းဖမ်းခေါ်သွားတာတွေကို ညှိမှာ။   ကြားမှာကောင်စီရှိနေ တယ်။ အစိုးရက တစ်ခုခုဆို ကောင်စီကို အလေးထားပြီး ကြားဝင်ညှိ ပေးဖို့ကို အဓိကညှိမှာပါ’’  ဟု ၎င်းကပြောသည်။

 ရဲတပ်ဖွဲ့တွင် မည်သူ့ကိုမ ဆို ခေါ်ယူစစ်ဆေးပိုင်ခွင့်ရှိပြီး ထွက်ဆိုချက်ပေါ်မူတည်၍ ၀ရမ်း မပါသော်လည်း ဖမ်းဆီးထိန်း သိမ်းခွင့်ရှိကြောင်း အထက်တန်း ရှေ့နေဦးခင်ဇော်ကပြောသည်။

‘‘မိသားစုနဲ့ တွေ့ခွင့်ပေးတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်  သားစစ်ကြောရေးရောက်နေတာ ကို အသိတစ်ယောက် လာပြော လို့ စမ်းတ၀ါးဝါးနဲ့ အောင်သပြေ စစ်ကြောရေးကို   လိုက်သွားရ တာပါ။ ဟိုရောက်တော့မှ ပေး တွေ့တာပါ။ သားဘယ်ရောက် နေတယ်ဆိုတာကို ရဲတပ်ဖွဲ့က အသိပေးတာတို့ ဘာတို့တော့ မရှိ ပါဘူး’’ဟု Bi မွန်းတည့်နေ ဂျာနယ်သတင်းထောက် မင်းဝဿန်၏ ဖခင်ဦးခင်အောင်ကပြောသည်။

ထို့အပြင်သတင်းထောက် များကို ရုံးထုတ်ချိန်များတွင် ရဲ အထူးသတင်းတပ်ဖွဲ့ဝင်များက သတင်းမီဒီယာများမေးမြန်းခွင့် မရအောင် တရားစွဲခံရသူများကို လျင်မြန်စွာခေါ်ဆောင်သွားမှု များလည်းရှိသည်။

‘‘သတင်းထောက်တွေကို  ရဲ တွေက လက်နက်ကိုင်အဖွဲ့အ စည်းတွေလိုမျိုး နိုင်ငံတော်လုံခြုံ ရေးအဆင့်လောက်ကို သဘော ထားနေတာ။ သူတို့ရဲ့လုပ်နည်း လုပ်ဟန်က အရင်အစိုးရလုပ် ရပ်အတိုင်းပဲဖြစ်နေတယ်။ ပြင်း ထန်မှုအနည်းအများပဲကွာတယ်။ ပြည်သူတစ်ယောက်ဥပဒေချိုး ဖောက်မှုလို့ မမြင်ဘဲ နိုင်ငံတော် လုံခြုံရေးအမည်တပ်ထားတာ တော်တော်တော့ လွဲနေတယ်’’ ဟုမြန်မာဂျာနယ်လစ်ကွန်ရက် အ တွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

    ‘‘သတင်းသမားတွေကို ဘယ်ကိုယ်စားပြုအဖွဲ့အစည်းကို မှ အကြောင်းမကြားဘဲ ဖမ်းတာ။ ပိုဆိုးတာက လူဆိုးသူခိုးဖမ်းသလို  ညအချိန်မတော်ဝင်ဖမ်းတာတွေ က ဒီနေ့ဒီမိုကရေစီအစိုးရလက် ထက်မှာ လုံးဝမလုပ်သင့်ပါဘူး’’ ဟု စံတော်ချိန်နေ့စဉ်သတင်းစာ အယ်ဒီတာ ကိုရဲဝင်းဆောင်က ပြောသည်။
လတ်တလောတွင် တရားစွဲ ဆိုခံသတင်းထောက်များအား ရုံးထုတ်မှုများတွင်  ရဲသတင်း အထူးအဖွဲ့၏ ပြုမှုဆက်ဆံမှုများ အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေ ခြင်းဖြစ်သည်။

http://www.7daydaily.com/story/16676

0 မှတ်ချက်များ:

Post a Comment

 
Top