Blogroll

အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ဃ)/၅(ည)ဖြင့် ဖမ်းဆီးခံထားရသော Bi မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာနှင့်ထုတ်ဝေသူခုနစ်ဦးကို အင်းစိန်ထောင်သို့ ပို့ဆောင်ထိန်းသိမ်းလိုက်ကြောင်း ရဲအထူးသတင်းတပ်ဖွဲ့မှ သတင်း ရရှိသည်။

‘‘Bi မွန်းတည့်နေက အမှုတွဲ ခုနစ်ယောက်လုံးကို ဒီနေ့အင်းစိန် ထောင်ကိုအကုန်ပို့လိုက်ပါတယ် ။မနေ့က   လေးယောက်ရုံးထုတ် ပြီး ရမန်ယူတယ်။ ဒီနေ့သတင်း ထောက်မင်းဝဿန်နဲ့ ထုတ်ဝေသူ နှစ်ယောက်ကို ပန်းဘဲတန်းတရား ရုံးမှာ ရုံးထပ်ထုတ်ပြီး ရမန်ထပ်ယူ တယ်။ ရမန်ယူပြီးအင်းစိန်ထောင် ပို့လိုက်တာပါ’’ဟု ရဲအထူးသတင်း တပ်ဖွဲ့မှ ရဲမှူးကျော်စိုးကပြော သည်။

ကြားဖြတ်အစိုးရတင် မြှောက်ကြောင်း သတင်းရေးသား မှုကြောင့် တာဝန်ခံအယ်ဒီတာကို သူရအောင်၊ အမှုဆောင်အယ်ဒီ တာကိုရဲမင်းအောင်၊ အယ်ဒီတာ ကိုဝင်းတင်၊ သတင်းရေးသားသူ ကိုမင်းဝဿန်၊ ဂျာနယ်ထုတ်ဝေ သူ ဦးကျော်မင်းခိုင်၊ ဦးယဉ်မင်း ထွန်းနှင့် ထုတ်ပြန်ချက်ကိုပေးခဲ့ သူ ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ် ရှားသူများအင်အားစုမှ ဦးနောင် နောင်တို့ကို အရေးပေါ်စီမံမှုအက် ဥပဒေပုဒ်မ ၅(ဃ)/၅(ည)ဖြင့်တ ရားစွဲဆိုထားခြင်းဖြစ်သည်။

‘‘ဒီမနက် ၉နာရီ ၅၀မှာ ရုံး ထုတ်သွားတာ။ ကိုမင်းဝဿန်နဲ့ ထုတ်ဝေသူ  နှစ်ယောက်ပါပါ တယ်။ ငါးမိနစ်လောက်ပဲကြာ တယ်။ ဘာမှလည်းစကားပြောခွင့် မရဘူး။ သြဂုတ်လ ၄ရက်နေ့ တော့ ခုနစ်ယောက်လုံးကို ရုံးတင် မယ်လို့သိရတယ်’’ဟု ကိုမင်းဝ ဿန်၏ မိတ်ဆွေမဆုသက်နှင်း ကပြောကြားသည်။

အမှုကို တရားစွဲဆိုတင်ပို့ရန် လုံလောက်သည့် အကြောင်းအရာ လိုအပ်နေသေး၍ ထပ်မံချုပ်နှောင်ထားရန် ရမန် နှစ်ပတ်ထပ် ယူခြင်းဖြစ်ပြီး သြဂုတ်လ ၄ရက် တွင် ပန်းဘဲတန်းတရားရုံး၌စတင် တရားစွဲဆို   တင်ပို့နိုင်ဖွယ်ရှိ ကြောင်း တရားစွဲခံထားရသူ ခုနစ် ဦးအတွက် လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေဦး ရောဘတ်စန်းအောင်ကပြော ကြားသည်။

အရေးပေါ် စီမံမှုဥပဒေပုဒ်မ ၅(ဃ)/၅(ည)မှာ အနည်းဆုံး ထောင်ဒဏ်နှစ်နှစ်စီချမှတ်နိုင် သည့် ပုဒ်မဖြစ်ပြီး စစ်အစိုးရလက်ထက်က နိုင်ငံကိုဆူပူလှုံ့ဆော်မှု ဖြစ်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ဆိုကာ နိုင်ငံရေးသမားအများစုကို ဖမ်းဆီးထောင်ချခဲ့သောပုဒ်မလည်းဖြစ်သည်။

http://www.7daydaily.com/story/16621

0 မှတ်ချက်များ:

Post a Comment

 
Top