Blogroll

တပ်မတော်နှင့် တအောင်း(ပလောင်) အမျိုးသား လွတ် မြောက်ရေးတပ်မတော် (TNLA) တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း တွင် လတ်တလော ဖြစ်ပွားနေ သည့် တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာထွက်ပြေးလာပြီး နမ့်ခမ်း မြို့ပေါ်သို့ ရောက်ရှိလာသည့် စစ် ဘေးဒုက္ခသည် ၈၀၀ ကျော်အ တွက် နေထိုင်စားသောက်ရေး အရေးပေါ်အကူအညီများ လိုအပ် နေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၀ ရက်မှ စတင်ကာ နမ့်ခမ်းမြို့သို့ ထွက်ပြေးရောက်ရှိ လာသည့် စစ်ဘေးဒုက္ခသည် ၈၁၀ ဦးရှိပြီး ၎င်းတို့အတွက် နေထိုင်ရန် နေရာများအရေးပေါ် လိုအပ်နေသည်ဟု အကူအညီပေးနေသည့် တအောင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့က အကူအ ညီ ပေးနိုင်သလောက်တော့ လုပ် ပေးထားတယ်။ လူရှစ်ရာကျော် အတွက်ဆိုတော့ အိပ်ဖို့နေရာ အခက်အခဲတွေ့နေတယ်။ လော လောဆယ် ကျွန်တော်တို့ စာပေနဲ့ ယဉ်ကျေးမှုအသင်းမှာ တချို့တစ်ဝက်ထားပြီး ကျန်တဲ့ဒုက္ခ သည်တွေအတွက် နမ့်ခမ်းမြို့ပေါ် မှာရှိတဲ့ ပလောင်အိမ်တွေ လိုက် ရှာပြီး အကူအညီတောင်းနေရ တယ်’’ ဟု တအောင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ နမ့်ခမ်းမြို့ နယ် ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြော သည်။

ထွက်ပြေးလာသူ အများစု မှာ ကိုယ်လွတ်ရုန်းထွက်ပြေးလာ ခြင်းဖြစ်ပြီး ကနဦးတွင် သုံးလေး ရက်ခန့်သာ တိမ်းရှောင်ရမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယနေ့ အချိန်ထိ လက်နက်ကြီး ပစ်ခတ် သံများ ကြားနေရဆဲဖြစ်ပြီး ပြန်လည်တည်ငြိမ်အေးချမ်းဖွယ် မရှိသေးသည့်အတွက် ဒုက္ခသည် စခန်းများတွင် အချိန်အတော် ကြာ ဆက်လက်နေထိုင်ရဖွယ် ရှိသေးသည်ဟု အကူအညီပေးနေသည့် ဒေသတွင်းအဖွဲ့အစည်းများက ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည် များအရေး တအောင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် ပူးပေါင်းကာ ၀ိုင်းဝန်းကူညီပေးနေသော်လည်း ဒုက္ခသည်များ၏ နေထိုင်ရေး၊ စားသောက်ရေးနှင့် သောက်သုံးရေ ရရှိရေးတို့အတွက်  အရေးပေါ်အကူအညီများ လိုအပ်နေဆဲ ဖြစ်သည်ဟု တအောင်း အမျိုးသမီးအဖွဲ့အစည်းမှ အတွင်းရေးမှူး ဒီဒီပိုစင်းက ပြောသည်။

လက်ရှိအချိန်တွင် ထွက်ပြေးလာသည့် တအောင်း(ပလောင်) ဒုက္ခသည်များအား  WFP, Save The Children တို့ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မေတ္တာကရုဏာဖောင်ဒေးရှင်းကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းများက အကူအညီပေးနိုင်ရန် စီစဉ်ေ ကြောင်း သတင်းရရှိသည်။

 လက်ရှိအချိန်တွင် ဒေသ တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် နမ့်ခမ်းမြို့ပေါ်သို့ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခ သည်မှာ ငါးထောင်ခန့်အထိ ရှိနေပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ ကချင်နှင့် ရှမ်း စစ်ဘေးဒုက္ခသည် လေးထောင်ခန့်မှာ နမ့်ခမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် နေရသည်မှာ ၂ နှစ်ကျော်ကြာပြီ ဖြစ်သည်။

http://www.7daydaily.com/story/16626

0 မှတ်ချက်များ:

Post a Comment

 
Top