Blogroll

မန္တလေးပဋိပက္ခကြောင့် စီအိုင်ဒီမှ စစ်ဆေးနေသည့် မဖြူ ဖြူမင်း(ခ) ကတုံးမကို ပျဉ်းမနား မြို့တရားရုံးတွင် ဇူလိုင် ၂၃ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ ပြီး ထပ်မံစစ်ဆေးရန် ဇူလိုင် ၃၁ ရက်သို့ ချိန်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

‘‘ဒီအမှုကို စီအိုင်ဒီကပဲ ဆက်ပြီး စစ်နေတယ်။ အခုကတော့ ရမန်ယူတဲ့သဘောပါပဲ။ လာမယ့် ၃၁ ရက်ကျရင် တရားရုံးမှာ သူ့ကိုပြန်စစ်ဖို့ ရမန်ယူထားတယ်’’ ဟု ပျဉ်းမနားမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

မဖြူဖြူမင်း၏ ရုံးချိန်သို့ မန္တလေးမြို့မှ ၎င်းနှင့်ဆွေမျိုးတော် စပ်သူအချို့ လာရောက်ခဲ့သည်။ ၎င်း၏လုပ်ရပ်ကြောင့် လူနှစ်ဦး သေဆုံးသည်အထိ မန္တလေးမြို့ တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော ကြောင့် နောင်တရမိသည်ဟု အမှုစစ်ရဲအရာရှိအား ကတုံးမက ပြောခဲ့ကြောင်း နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မဖြူဖြူမင်း(ခ) ကတုံးမက ၎င်း၏နေရပ်၊ အသက်နှင့် ဖခင် အမည်တို့ကိုလွှဲပြီး မန္တလေးမြို့ရှိ နေကဖေးနှင့် ဆန်းကဖေးပိုင်ရှင် ညီအစ်ကိုနှစ်ဦးက အဓမ္မပြုကျင့်သည်ဟုဆိုကာ ပျဉ်းမနားရဲစခန်း၌ လိမ်လည်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မန္တလေး ပဋိပက္ခနှင့် ပတ် သက်၍ ရဲတပ်ဖွဲ့က စုစုပေါင်း ၄၉ ဦးကို ဖမ်းဆီးထားကာ ၈ ဦးကို ဖမ်းဝရမ်း ထုတ်ပြန်ထားသည်။ ဖမ်းဆီးထားသူများကို သက်ဆိုင် ရာ မြို့နယ်တရားရုံးများတွင် ယခု သီတင်းပတ်၌ ရုံးထုတ်စစ်ဆေး မည်ဖြစ်သည်။

http://www.7daydaily.com/story/16609

0 မှတ်ချက်များ:

Post a Comment

 
Top