မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်တွင်း၌အင်တာ
နက်မြန်နှုန်းများတိုးမြှင့်ပေးရန် ပြည်ပဆက်ကြောင်းနှစ်ခုမှ အင်
တာနက်ဘန်ဝှစ်ပမာဏကို 20 GB အထိတိုးချဲ့သွားမည်ဖြစ် ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ရုံးချုပ်အခြေစိုက်ပြည်ပ
ဆက်သွယ်ရေးစခန်းမှသတင်းရရှိ သည်။
‘‘ပြည်တွင်းမှာရှိတဲ့အသုံးပြု သူလိုအပ်ချက်က အမြဲတမ်းတက် နေတယ်။ လိုအပ်ချက်နဲ့ပေးနိုင် တဲ့ပမာဏကို ဖြည့်ဆည်းပေးနိုင် ဖို့အတွက် အခုလိုတိုးချဲ့သွားမှာ ပါ’’ဟု ပြည်ပဆက်သွယ်ရေး စခန်းမှ လက်ထောက်အင်ဂျင်နီ ယာဦးဇော်ဌေးကပြောသည်။
ယခု တိုးချဲ့သွားမည့်အင် တာနက်ဆက်ကြောင်းများမှာ လက်ရှိအသုံးပြုနေသည့် တရုတ် နယ်စပ်ဖြတ်ကျော် မူဆယ်ဖိုက် ဘာဆက်ကြောင်းပေါ်တွင် 10GBတိုးချဲ့ခြင်းနှင့် ထိုင်းနယ်စပ်ဖြတ် ကျော်တာချီလိတ်ဖိုက်ဘာဆက် ကြောင်းအား အသစ်ပြေးဆွဲ၍ 10GBတိုးချဲ့ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အသုံးပြုလိုတဲ့ ဦးရေက ပေးနိုင်တဲ့ပမာဏထက်ပိုပြီးများ နေတဲ့အတွက် နောက်ပိုင်းမှာထပ် ပြီးတိုးချဲ့သွားဖို့လည်းရှိပါတယ်’’ ဟု ဦးဇော်ဌေးကပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးရှိ နယ်စပ်ဖြတ်ကျော်ဖိုက်ဘာဆက် ကြောင်းများနှင့် ပင်လယ်ရေ အောက်ဖိုက်ဘာဆက်ကြောင်း များမှ ချိတ်ဆက်ထားသည့် ပမာ ဏမှာ 27 GBရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
http://www.7daydaily.com/story/16585

0 မှတ်ချက်များ:
Post a Comment