Blogroll

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၁၈)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေးတောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျောက်ပန်းတောင်းမြို့၊ ပြည်တော်သာ ရပ်ကွက်နေ ခိုင်စိုးသူ(ခ)ရခီး(၂၅)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း ကြမ်းခင်း အောက်မှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃)ပြား၊ တန်ဘိုးငွေကျပ် (၁၅၀၀၀ိ/-) တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ကျောက်ပန်းတောင်းမြို့၊ တမ္ပ၀တီရပ်ကွက်နေ ၀င်းဌေး(ခ)၀င်းအောင်ခိုင်(၄၁)နှစ်ထံမှ ၀ယ်ယူခဲ့ကြောင်းသိရှိသဖြင့် ယင်းနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန် ၀င်းဌေး(ခ)၀င်းအောင်ခိုင်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ နေအိမ်၌ ၀င်းဌေး(ခ)၀င်းအောင်ခိုင်နှင့်အတူ ကျောက်ပန်းတောင်းမြို့၊ သာယာကုန်းရပ်ကွက်နေ အေးမင်းစိုး(၃၈)နှစ်နှင့် အောင်မင်္ဂလာရပ်ကွက်နေ ကျော်နေဇာလင်း(၃၃)နှစ်တို့အား တွေ့ရှိရပြီး ကျော်နေဇာလင်း၏ ပိုက်ဆံအိတ်အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၆)ပြား၊ တန်ဘိုးငွေကျပ် (၃၀၀၀၀ိ/-) ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်စစ်ဆေးဖော်ထုတ် ချက်အရ အဆိုပါဆေးပြားများအား ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်နေ ကျော်စွာလင်း(ခ)ဖိုးဇော် (၄၀)နှစ်ထံမှ ၀ယ်ယူခဲ့ကြောင်းသိရှိရသဖြင့် ယင်းနေ့ နေ့လည် ၁ နာရီခွဲအချိန် ကျော်စွာလင်း(ခ) ဖိုးဇော်၏နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ သေတ္တာအတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၇၈)ပြား၊ တန်ဘိုးငွေကျပ်(၁၃.၉)သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ သောကြောင့် ခိုင်စိုးသူ(ခ)ရခီးနှင့် ၀င်းဌေး(ခ)၀င်းအောင်ခိုင်တို့(၂)ဦးအား ကျောက်ပန်းတောင်းမြို့မ ရဲစခန်း မယ(ပ)၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့်လည်းကောင်း၊ ကျော်နေဇာလင်း၊ အေးမင်းစိုး၊ ဖိုးဇော်(ခ)ကျော်စွာလင်းနှင့် ၀င်းဌေး(ခ)၀င်းအောင်ခိုင်တို့(၄)ဦးအား မယ(ပ)၃/၂၀၁၄၊ အဆိုပါဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၁၉(က)/ ၂၁ ဖြင့်လည်းကောင်း၊ ဖိုးဇော်(ခ)ကျော်စွာလင်းအား မယ(ပ)၄/၂၀၁၄၊ အဆိုပါဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၁ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 မှတ်ချက်များ:

Post a Comment

 
Top