Blogroll

အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မနက် ၁ဝး၃၇ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့အချိန်မှာ ကားဟွန်းတီးပြီး အလေးပြုဦးညွတ်ကြဖို့ ရန်ကုန်မြို့အနှံ့အပြားမှာ လှုံ့ဆော်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတွင်လည်း ရန်ကုန်မြို့ရှိ ယာဉ်မောင်းများအား အာဇာနည်နေ့အထိမ်းအမှတ်အဖြင့် ဂုဏ်ပြုဟွန်တီးရေးအတွက် လှုံ့ဆော်စာ လိုက်လံဝေငှနေသူတွေလည်းရှိကြောင်းသိရသည်။

ဟွန်းတီး အလေးပြုဖို့ ဆိုတာကို ရန်ကုန်က ကားမောင်းသူ အများအပြားက သဘောပေါက်ပြီးသားပါ။
တကယ် ဟွန်းတီးကြ ဦးညွတ်အလေးပြုကြဖို့ နဲ့ မမေ့လျော့ကြဖို့ လှုံ့ဆော်ကြတာပါလို့ လိုက်လံဆော်သြနေသူ ကျောင်းသားတစ်ဦးကဆိုသည်။
 

ယခင်စစ်အာဏာရှင်လက်ထက်က ထိုကဲ့သို့သော ဆောင်ရွက်မှုများကို တားမြစ်မှုများ ရှိကြောင်းကြောင့် လုပ်ဆောင်ခွင့်မရရှိခဲ့ဘဲ ယခု သမ္မတဦးသိန်းစိန်လက်ထက်မှ စတင်လုပ်ဆောင်ခဲ့ရာ မနှစ်က စတင်ခဲ့ကြောင်းသိရသည်။

"ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ချစ်ခင်သူ လေးစားသူ အများအပြား ရှိနေတယ် ဆိုတာကို ပြသတာပါပဲ။ ဒီလို မလေးစားကြဖို့ ဗိုလ်ချုပ်ကြီးတွေက နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့ ဝါယမ စိုက်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိဘူးဆိုတဲ့သဘောပါပဲ"ဟု ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ ကိုဖြိုးကပြောသည်။
 

 အာဇာနည်နေ့ကို အစိုးရပိုင်းမှ ဦးဆောင်ခဲ့ခြင်းမရှိဘဲ ကျောင်းသားလူငယ် ပြည်သူများက တက်ကြွစွာဦးဆောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အစိုးရပိုင်းမှ ဦးဆောင်မလှုပ်ရှားသော်လည်း တိုင်းချစ်ပြည်ချစ် မျိုးချစ်လူငယ်များ၏ လုပ်ဆောင်မှုကို အစိုးရ၀န်ထမ်းများက ပါဝင်ခဲ့ကြသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ယခုနှစ် အာဇာနည်နေ့တွင် မြန်မာ့မီးရထား ဥဩဆွဲမည်ဖြစ်ကြောင်းသိရသည်။

ကေ

0 မှတ်ချက်များ:

Post a Comment

 
Top