Blogroll

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကချင်ပြည်နယ်၊ အမှတ်(၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြစ်ကြီးနား)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ဒေါ်နှင်းကြည်၏ နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်ဆောင်မြို့နယ်ခွဲ၊ အထက် ရပ်ကွက်နေ ဆားချွမ်း(၂၉)နှစ်၏ နေအိမ်ခန်းသို့ ၀င်ရောက်ရှာဖွေခဲ့သည်။



ထိုသို့ရှာဖွေရာ ဆားချွမ်း၏ အနွေးထည်အိတ်ကပ်အတွင်းမှ အ၀တ်ဘိန်း(၁၇၀)ဂရမ်ပါ(၁)ထုပ်၊ အိပ်ခန်းကြမ်းခင်း အံဝှက်အတွင်းမှ အ၀တ်ဘိန်း(၇၀၀)ဂရမ်စီပါ(၃)ထုပ်၊ အက်ဖီဒရင်းအမှုန့်(၃၅၀)ဂရမ်ပါ(၁)ထုပ်၊ နေအိမ်အတွင်းရှိ ဆိုင်ကယ် ၀ဲ/ယာဒူးကာနှင့် ရှေ့မီးခွက်အုံအတွင်းမှ အက်ဖီဒရင်းအမှုန့်(၃၀၀)ဂရမ်ပါ(၁)ထုပ်၊ (၁၉၀)ဂရမ်ပါ(၁)ထုပ်၊ (၁၂၀)ဂရမ်ပါ(၁)ထုပ်၊ စုစုပေါင်း အ၀တ်ဘိန်းအလေးချိန်(၂.၂၇)ကီလိုနှင့် အက်ဖီဒရင်းအမှုန့်အလေးချိန် (၉၆၀)ဂရမ်၊ တန်ဘိုးငွေကျပ်(၅၃.၂၅)သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၎င်းအား လုံးခင်းနယ်မြေ ရဲစခန်း မယ(ပ)၅၀/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/၁၆(ခ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 မှတ်ချက်များ:

Post a Comment

 
Top