ရဲဇာနည်
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်
ရှမ်းပြည်နယ်၊
အမှတ်(၂၄)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှတပ်ဖွဲ့ဝင်များသည်
မူးယစ်ဆေးဝါး သတင်းအရ လားရှိုးမြို့နယ်၊
နမ့်ဟူး(၁၀)မိုင်ကျေးရွာနေ ဦးအားချန်(၄၄)နှစ်၏ နေအိမ်သို့ ၀င်ရောက်
ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်အတွင်းမှ ၈၈
နှင့် ၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၅)ပြား၊
အိပ်ခန်းအတွင်းမှ ၈၈ နှင့် ၁ စာတန်းပါ ပန်းရောင်စိတ်ကြွ
ရူးသွပ်ဆေးပြား(၈၀၀)ပြား၊ စုစုပေါင်းဆေးပြား(၈၂၅)ပြား၊
တန်ဘိုးငွေကျပ်(၁၆.၅)သိန်းနှင့် မူးယစ် ဆေးဝါးရောင်းရငွေကျပ်(၃.၂)သိန်းတို့
ဖမ်းဆီးရမိခဲ့သောကြောင့် အားချန်အား လားရှိုးနယ်မြေရဲစခန်း မယ(ပ)၃၀/၂၀၁၄၊
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/
၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ရဲဇာနည်
0 မှတ်ချက်များ:
Post a Comment