Blogroll

ဂျပန်နိုင်ငံအခြေစိုက် သင်္ဘောလိုင်းတစ်ခုသည် မြန်မာ သင်္ဘောသားများ၏ လုပ်ခလစာ များကို  အပြည်ပြည်ဆိုင်ရာပို့ ဆောင်ရေး လုပ်သားများအဖွဲ့ ချုပ်(ITF)က သတ်မှတ်ထားသော လစာထက်လျှော့ပေးခဲ့သည့်အတွက် ယင်းသင်္ဘောလိုင်းမှ လစာများပြန်လည်ပေးလျော်ရမည်ဟုသတင်းရရှိသည်။

 ဂျပန်နိုင်ငံရှိ MI-DAS သင်္ဘောကုမ္ပဏီပိုင်သင်္ဘော ၁၀ စီးတွင်  လုပ်ကိုင်ခဲ့သည့်မြန်မာ သင်္ဘောသားများကိုအခြားနိုင်ငံရှိ သင်္ဘောသားများနှင့်ခွဲခြား၍ ITF က သတ်မှတ်ထားသည့်လစာနှင့် ကွာဟ၍ပေးချေနေမှုကို ITF က စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ယင်းလစာငွေများကို   မြန်မာ သင်္ဘောသားများအား ပြန်လည် ပေးအပ်ရန်ညွှန်ကြားထားကြောင်း ITF မှ မြန်မာကိုယ်စားလှယ် ဦးရွှေထွန်းအောင်ကပြောသည်။

 ဂျပန်ကုမ္ပဏီပိုင် Basic Pioneer, Bright Laker, Chem bulk Minneapolis, Chembulk Westport, Eternal Power, Federal Baffin, Federal Fran klin, Four Kitakami, Jasmine Halo, Sumihou သင်္ဘောများ တွင် ၂၀၀၉ မှ ၂၀၁၄ အထိလုပ် ကိုင်ခဲ့သော မြန်မာသင်္ဘောသား များသည် အထောက်အထားများ တင်ပြ၍ လစာများကို ITF မှတစ် ဆင့် တောင်းယူနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

ထိုသို့ပေးလျော်ရန် သင်္ဘော ကုမ္ပဏီနှင့် ITF တို့အကြား ပြီးခဲ့သည့်ဖေဖော်ဝါရီတွင် သဘောတူညီမှုရခဲ့ပြီး ယင်းသင်္ဘောလိုင်းတွင်လုပ်ကိုင်ခဲ့သည့်  သင်္ဘောသားများအတွက် ပြန်လည်ပေးလျော်မည့်လစာမှာ ခန့်မှန်းခြေဒေါ်လာနှစ်သန်းခန့်ရှိ၍ မြန်မာသင်္ဘောသားအရေအတွက်မှာ အတိအကျမသိရှိသေးကြောင်း ITF မှဦးအောင်ကျော်မင်းကပြောသည်။

 ‘‘ဒေါ်လာနှစ်သန်းလို့တော့ သတ်မှတ်ထားပေမယ့် ပိုရင်လည်းပိုမယ်။ မြန်မာသင်္ဘောသားတွေ က သတ္တိရှိရှိတောင်းဖို့လိုမယ်။ ခြိမ်းခြောက်တာတွေရှိရင်လည်း ITF ကိုထပ်မံတိုင်ကြားလို့ရတယ် ဟု ၎င်းကဆိုသည်။

 ယခင်က မြန်မာသင်္ဘော သားများသည်  ITF အဖွဲ့အစည်း နှင့်ဆက်သွယ်ပါက အရေးယူ သည့်ဖြစ်စဉ်များရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုသို့အရေး ယူမည်မဟုတ်ဘဲ သင်္ဘောသား များ၏နစ်နာမှုများကို တောင်းဆို နိုင်ကြောင်း ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန် ချုပ်ဦးသောင်းကြိုင်ကပြောသည်။

ဂျပန်သင်္ဘောသားများမှာ အခြားနိုင်ငံရှိသင်္ဘောသားများနှင့် ယှဉ်ပါက လုပ်ခလစာလျော့နည်း ပြီး သင်္ဘောလိုင်းများမှာလည်း ITF လုပ်ခလစာနှင့်ကွာဟ၍ပေး ချေနေမှုများရှိနေကြောင်း သိရ သည်။

ထို့အပြင် စင်ကာပူအခြေ စိုက် East Wind သင်္ဘောကုမ္ပဏီ မှ မြန်မာသင်္ဘောသားများအား အချိန်ပိုလုပ်ခလစာများ မပေးဘဲခိုင်းစေသည်ကို ITF မှစစ်ဆေးတွေ့ရှိခဲ့၍ ယင်းကုမ္ပဏီမြန်မာသင်္ဘောသားငါးရာကျော်အချိန်ပိုကြေးများ ပြန်လည်ပေးလျော်ခဲ့ရသည်။

http://www.7daydaily.com/story/16694

0 မှတ်ချက်များ:

Post a Comment

 
Top