Blogroll

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေကြီးရေလျှံဖြစ်ပွား နေသည့် အခြေခံပညာကျောင်း များအား ကျောင်းသူ၊ ကျောင်း သားများအတွက် အန္တရာယ်ရှိပါ က ကျောင်းကို ပိတ်ထားနိုင်ပြီး အဆိုပါကျောင်းတက်ရက်များကို အစားထိုးပြန်လည်တက်ရောက် ရန် မှာကြားထားကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် ရေ ကြီးရေလျှံမှုများဖြစ်ပွားနေပြီး စာ သင်ကျောင်းများအတွင်းထဲသို့ ရေ၀င်ရောက်ရှိမှုများရှိနေသည်။


ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းအတွင်း ရေလျှံနေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

‘‘ကလေးတွေအတွက် အန္တ ရာယ်ရှိတယ်ဆိုရင် ကျောင်းပိတ် တယ်ဆိုပြီး ကြေညာပြီး အဲ့ဒီအ တွက် အစားထိုးကျောင်းပြန်တက် ပေးရမယ်လို့မှာထားတယ်။ တချို့နေရာတွေမှာ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်ဖြစ်နေတာမျိုးဆို စည်ပင်ကို တင်ပြတာမျိုးလုပ်ပေးတယ်’’ဟု ဦးမင်းဇော်ကပြော ကြားသည်။

ဇူလိုင် ၁၆ ရက်က ရန်ကုန် မြို့အတွင်းရှိ နေရာအများစုတွင် ရေကြီးရေလျှံမှုအများဆုံးဖြစ်ပွား ခဲ့ပြီးနောက် စာသင်ကျောင်းအချို့  ပိတ်ထားခဲ့သော်လည်း မြောက်ဥက္ကလာပနှင့် ရွှေပေါက်ကံရှိ  စာသင် ကျောင်းအချို့မှာ ကျောင်းပိတ်ထားခြင်းမရှိဘဲ ဆက်လက်သင်ကြားခဲ့ကြသည်။

  ဆက်လက်သင်ကြားနေ သည့် စာသင်ကျောင်းများမှာ ရေကြီးရေလျှံမှုဖြစ်သော်လည်း ကျောင်းပိတ်ခွင့်မရှိဟု မြို့နယ် ပညာရေးမှူးရုံးက ညွှန်ကြားထား သောကြောင့် ကျောင်းကို ရေလျှံ ချိန်တွင် ဆက်လက်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း အဆိုပါမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကပြောပြသည်။

  ‘‘ရေတွေတက်နေတော့ ကျောင်းပိတ်ထားချင်တာပေါ့။ ကလေးတွေအတွက် အန္တရာယ်ရှိပေမယ့် အထက်က  ညွှန်ကြားချက်ရှိတယ်ဆိုတဲ့အတွက် ကျောင်းကို မပိတ်ဘဲ  သင့်ခဲ့ရတာပါ။ ရေရှိနေပြီး  ကျောင်းထဲစာသင်ရတာ ကလေးတွေအတွက် ခေါင်းခဲရတယ်။ ရေက တစ်ခါတက်ရင် နှစ်ရက်လောက်ကြာတယ်။ ဒီလထဲမှာ တက်တာနှစ်ကြိမ်ရှိသွားပြီ’’ဟု မြောက်ဥက္ကလာပမြို့နယ်အထက်တန်း ကျောင်းတစ်ကျောင်းမှ အမည် မဖော်လိုသည့် ကျောင်းအုပ် ဆရာမတစ်ဦးကပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပါက မူလတန်းကျောင်းများကို ကျောင်းပိတ်ထားရသည့်အထိ ပြုလုပ်ခဲ့ရ ပြီး မြောက်ဥက္ကလာပမြို့နယ်တွင်ငမိုးရိပ်ချောင်းနှင့်   နီးသော ကျောင်းများအတွက် ရေကြီးရေ လျှံမှုမှာ မကြာခဏဖြစ်ပေါ်လျက် ရှိကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/story/16695

0 မှတ်ချက်များ:

Post a Comment

 
Top