တပ်မတော်သားများက ချင်းအမျိုးသမီးများအပေါ် ကျူး လွန်သည့်
လိင်မူဆိုင်ရာအကြမ်း ဖက်မှုများရပ်တန့်ရေးနှင့် ကျင့် ၀တ်နှင့် မညီသော
ဆရာဝန်အား အရေးယူပေးရန် ခွင့်ပြုချက်မရဘဲဆန္ဒပြခဲ့သော ချင်းအမျိုးသမီးရှစ်
ဦးကို ချင်းပြည်နယ်တရားရုံးက ငွေဒဏ် ကျပ်သုံးသောင်းပေး ဆောင်ရန်
အမိန့်ချမှတ်လိုက် ကြောင်း သတင်းရရှိသည်။
မတူပီနှင့် ရေဇွာမြို့တို့တွင် တပ်မတော်သားများက ချင်း အမျိုးသမီးများအပေါ် ကျူးလွန် သည့် လိင်မှုဆိုင်ရာအကြမ်းဖက် မှုများရပ်တန့်ရေးနှင့် မွေးစာရင်း တောင်းခံရာတွင် ငွေကြေးအ မြောက်အမြားတောင်းခံသော ဆရာဝန်တို့ကို ဆန္ဒပြခြင်းတို့ကြောင့် ဇွန်လတွင် တက်ကြွလှုပ်ရှားသူ ချင်းအမျိုးသမီးရှစ်ဦးကို ပုဒ်မ ၁၈ ဖြင့် ချင်းပြည်နယ် တရားရုံးက တရားစွဲဆိုခဲ့သည်။
‘‘ပြီးခဲ့တဲ့လက အမှုစွဲခဲ့ တယ်။ ခွင့်မပြုချက်မရှိဘဲ ဆန္ဒပြ တယ်ဆိုပြီး အစိုးရက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ပါတယ်။ မနေ့ကအဲဒီအမှုနှစ်ခုလုံးကို တစ်ရက်ခြားစီအမိန့်ချခဲ့ပါတယ်’’ဟု ချင်းအမျိုးသမီးတက်ကြွလှုပ်ရှားသူ မဆွိဆွိကပြောသည်။
ထောင်ဒဏ်တစ်လ(သို့) ငွေဒဏ်သုံးသောင်းကျပ် ပေးဆောင်ရမည်ဟု တရားရုံးက အမိန့်ချမှတ်လိုက်သောကြောင့် တရားစွဲဆိုခံရသူ ချင်းအမျိုးသမီးရှစ်ဦးက ငွေဒဏ်များပေးဆောင်သည်ဟု သတင်းရရှိသည်။
ရေဇွာမြို့ပေါ်တွင် ယာခင်း သို့သွားသော ချင်းအမျိုးသမီးတစ်ဦးကို တပ်မတ်ာသားတစ်ဦးက လိင်အကြမ်းဖက်ရန် ကြံစည်ခဲ့သဖြင့် ယင်းတပ်မတော်သားကို အရေးယူပေးရန် ဇွန်လ ၂၃ ရက်တွင် ရေဇွာအမျိုးသမီးလေးဦးက ဦးဆောင်၍ လူပေါင်းလေးရာကျော်က အစိုးရ တာဝန်ရှိသူများကို အရေးယူပေးရန် ရှုတ်ချဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြသူများကိုအရေးယူရန် ရေဇွာရဲစခန်းက တက်ကြွလှုပ်ရှားသူများကို ပုဒ်မ ၁၈ ဖွင့်၍ တရားစွဲဆိုခဲ့သည်။
တက်ကြွလှုပ်ရှားသူများကို ခေါင်းဆောင်သည့် တရားစွဲဆိုခံရ သော အမျိုးသမီးများက ဆန္ဒပြမှု မတိုင်မီကအစိုးရထံ ခွင့်ပြုချက် တောင်းခဲ့သော်လည်း စုရပ်နေရာ ဘောလုံးကွင်းဖြစ်နေသော ကြောင့် ခွင့်ပြုချက်မပေးခဲ့ဟု အ ထက်ပါပုဂ္ဂိုလ်ကပြောသည်။
တရားရေးရင်ဆိုင်မှုသည် တစ်လခန့်သာ ကြာမြင့်သော ကြောင့် အခြားပုဒ်မ ၁၈ အမှုများ နှင့် ပတ်သက်ပြီး တရားစီရင်ခံမှု အနည်းဆုံးအချိန်ကြာမြင့်သည်။
http://www.7daydaily.com/story/16692

0 မှတ်ချက်များ:
Post a Comment