e-Village စီမံကိန်းအတွက် လိုအပ်သည့်မိုဘိုင်း App-lication တစ်ခုရရှိရန်
ပြိုင်ပွဲကျင်းပပြုလုပ်ထားသော်လည်း လာရောက်ယှဉ်ပြိုင်မှုမရှိသေး၍
ရက်ထပ်တိုးကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
e-Village Mobile Application ပြိုင်ပွဲကို ဇွန်လ တတိယ ပတ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ယှဉ်ပြိုင်သူမရှိသေး ခြင်းကြောင့် ဩဂုတ် ၆ ရက်အထိ ရက်ထပ်တိုး၍ ယှဉ်ပြိုင်လိုသူ များကို ဖိတ်ခေါ်ထားကြောင်း Software Industry Developm-ent Committee (SIDC)မှ သိရသည်။
လိုအပ်ပါကလည်း ပြိုင်ပွဲအတွက် ထပ်မံရက်တိုး၍ ဖိတ် ခေါ်မည်ဖြစ်ပြီး လက်ရှိယှဉ်ပြိုင်သူမရှိသေးခြင်းကြောင့် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများလိုအပ်လျက်ရှိရာ အကောင်းဆုံးမိုဘိုင်း Application ရေးဆွဲနိုင်သူကို ကျပ်သိန်း ၂၀ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးထွန်းသူရသက်က ပြောသည်။
အဆိုပါမိုဘိုင်း Application တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိကဦးစားပေးရေးဆွဲရန်လိုအပ်ပြီး အကောင်းဆုံးမိုဘိုင်း App ကို ကျပ်သိန်း ၂၀၊ နှစ်သိမ့်ဆုနှစ်ဆုအား ကျပ်ငါးသိန်းစီ ဆုချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
e-Village အိုင်စီတီစင်တာစီမံကိန်းများကိုလည်း ၂၀၁၃ နိုဝင်ဘာလမှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကနဦးစီမံကိန်းအဖြစ် တွံတေးမြို့နယ် ဘုရားငုတ္တို (တောင်ပိုင်း)ကျေးရွာတွင် e-Village ICT Center ကို ဇူလိုင် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ကျေးလက်ဒေသရှိ ပြည်သူ များ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အိုင်စီတီနည်းပညာဖြင့် အထောက်အကူပြုနိုင်ရန် ကျေးရွာများတွင် အိုင်စီတီအသုံးပြုနိုင်မည့် e-Village အိုင်စီတီစင်တာ များကို သုံးနှစ်အတွင်း တစ်နိုင်ငံလုံးရှိ ကျေးရွာ ၆,၀၀၀ ၌ ဖွင့် လှစ်သွားမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ သတင်းရရှိသည်။
http://www.7daydaily.com/story/16902

0 မှတ်ချက်များ:
Post a Comment