Blogroll

တိုင်ပေသို့ မြန်မာအလုပ်သမားများသွားရောက် လုပ်ကိုင်ခွင့်ရရှိရန်  ယခုလအတွင်းသွားရောက်ဆွေးနွေးခဲ့ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ဦးကိုလေးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က တည်းက မြန်မာအလုပ်သမားခေါ် ယူရန် တိုင်ပေမှလာရောက် လေ့လာခဲ့ရာ  ယခုအခါနှစ်နိုင်ငံ အေဂျင်စီအသင်းချုပ်သဘောတူညီချက်(MOU)လက်မှတ်ရေးထိုး ပြီး တရားဝင်လုပ်သားစေလွှတ်  နိုင်ရန် ယခုလ ၂၁ရက်က သွား ရောက်လေ့လာခဲ့သည်။ ထိုသို့ လုပ်သားစေလွှတ်ရန်သွားရောက် လေ့လာမှုတွင် လက်ရှိတိုင်ပေမှ ချမှတ်ထားသောလုပ်သားအခွင့်အရးပိုင်းဆိုင်ရာဥပဒေစည်းမျဉ်းစည်းကမ်းတို့ကိုလည်း ထည့်သွင်းလေ့လာရမည်ဖြစ်သည်။

 ‘‘တိုင်ပေက လစာကောင်း တယ်။ အမေရိကန်ဒေါ်လာရှစ်ရာ လောက်ရတယ်။ ဒါပေမဲ့ နိုင်ငံရေး အခြေအနေအရ တိုင်ပေက  တရုတ်နိုင်ငံထဲရှိတော့ (One Chi-na Policy)အရ အစိုးရချင်းခွင့်ပြုလို့မရဘူး’’ဟု ဦးကိုလေးကပြောသည်။

တိုင်ပေသည် တရုတ်နိုင်ငံမှ  ခွဲထွက်ထားသည့်ပြီး မြန်မာအစိုးရအနေဖြင့် လုပ်သားစေလွှတ်ခွင့် ပြုခြင်းမရှိသော်လည်း နှစ်နိုင်ငံအေဂျင်စီအသင်းချုပ် သဘောတူနားလည်မှုဖြင့် (MOU)လက်မှတ်ရေးထိုးပြီးစေလွှတ်ပါက စေလွှတ်ခွင့်ရှိကြောင်း သိရသည်။ ထိုသို့ တရားဝင်လုပ်သားစေလွှတ်နိုင်ရန် တိုင်ပေအေဂျင်စီဘက်ကလည်း  လွှတ်တော် တွင် အတည်ပြုရန်တင်သွင်းသွား မည်ဖြစ်ပြီး  မြန်မာအေဂျင်စီအ သင်းချုပ်ကလည်း မြန်မာအစိုးရ ထံတင်ပြသွားမည်ဖြစ်သည်။

 တိုင်ပေခေါ်ယူကမ်းလှမ်းလျက်ရှိသော အလုပ်နေရာများမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းနှင့်  စက်ရုံအ လုပ်ရုံတို့ဖြစ်ပြီး လက်ရှိတိုင်ပေ တွင် ဗီယက်နမ်၊ ထိုင်းလူမျိုး အများစုလုပ်ကိုင်လျက်ရှိသည်။

ပြည်ပသို့မြန်မာအလုပ်သ မားစေလွှတ်ရာတွင် အစိုးရကတ ရားဝင်ခွင့်ပြုခဲ့သော လုပ်သားငါး သန်းကျော်သာ လုပ်ကိုင်ခွင့်ပြု ထားသည်။လက်ရှိ မြန်မာအလုပ် သမားအများစုသည် ထိုင်း၊မလေး ရှားနှင့်ကိုရီးယားနိုင်ငံများသို့ အ များဆုံးသွားရောက်လုပ်ကိုင် လျက်ရှိသည်။

http://www.7daydaily.com/story/16899

0 မှတ်ချက်များ:

Post a Comment

 
Top