Blogroll

ခရစ်နှစ် ၂၀၁၅ခုနှစ် ဧပြီလ ၁၃ရက်နေ့မှ ၁၆ရက်နေ့အထိ ကျရောက်သော မြန်မာ့ရိုးရာနှစ်သစ်ကူး အခါသမယ အတာသင်္ကြန်ကာလသည် မြန်မာတို့၏ သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့သော မြန်မာ့ယဉ်ကျေးမှု ရိုးရာပွဲတော်တစ်ရပ်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းခဲ့ပြီးနောက်တွင် နိုင်ငံခြားဧည့်ခရီးသည်များ လာရောက်လေ့လာမှု များပြားလျက်ရှိပြီး ယခုအတာသင်္ကြန်ကာလအတွင်း ရောက်ရှိနေသော နိုင်ငံခြားဧည့်ခရီးသည်များလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်အား လေ့လာခြင်းနှင့် ပါဝင်ဆင်နွှဲမည်ဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော်အား ထိန်းသိမ်းသည့်အနေဖြင့်လည်းကောင်း နိုင်ငံခြားဧည့်ခရီးသည်များ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲအား အထင်အမြင်မသေးစေရန်လည်းကောင်း မြန်မာ့ရိုးရာအတာသင်္ကြန်အား အကျည်းတန် အရုပ်ဆိုးစေမည့် ၀တ်စားဆင်ယင်မှုများ၊ အပြုအမူ အပြောအဆိုများအား ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို မြန်မာတို့အနေဖြင့် ၀ိုင်းဝန်းထိန်းသိမ်း၍ ပျော်ရွှင်စွာဖြင့် သူတစ်ပါးအား စိတ်ရော ကိုယ်ပါ ထိခိုက်စေခြင်း မရှိစေသော နည်းလမ်းများဖြင့် နှစ်ဟောင်းမှ အညစ်ကြေးများအား ဆေးကြောသည့် အတာရေ ပတ်ဖြန်းဆော့ကစားနိုင်ကြရန် မြန်မာအွန်လိုင်းမီဒီယာဂရုပ်နှင့် အဖွဲ့ဝင် မီဒီယာများမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Myanmar Online Media Group

ကမ္ဘာ့ရွာကလေးမီဒီယာ
ကမ္ဘာ့ရွာကလေးအွန်လိုင်းရုပ်သံလိုင်း
သတင်းဇာနည်မီဒီယာ
Tomorrow News
Global Village News Agency
ွGreen Leaf Media
Hyper Stream Media
Koala Media
Koala Multimedia
K Media
K Net
Kyaw Lay Media Production

0 မှတ်ချက်များ:

Post a Comment

 
Top