အမေရိကန်က
မြန်မာနိုင်ငံအား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ ယခုအထိကန်ဒေါ်လာနှစ်ဘီလီ
ယံကျော်ထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက သြဂုတ်၉
ရက်တွင်သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးအပြောင်းအလဲအတွက် အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများကို ၂၀၁၁ ခုနှစ်ကတည်းကပင် ပုံမှန်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
အဓိကကူညီထောက်ပံ့ပေး ရန်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရက်တစ်အင် စတီကျုဒ့်များ တည်ဆောက်နိုင် ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် ဒေသတွင်း ပူးပေါင်းဆောင် ရွက်နိုင်ရေးကဏ္ဍ စသည်တို့ကို ရည်ရွယ်ထောက်ပံ့ပေးနေခြင်း ဖြစ်သည်ဟုလည်း အဆိုပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက် ဖက်ဒရယ်စနစ်၊ အပစ်ရပ်စောင့်ကြည့်ရေး လုပ် ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအတွက် ဆွေးနွေးပွဲများပြု လုပ်နေပြီး အဓိကကျသည့်ဒီမို ကရက်တစ်အင်စတီကျုဒ့် တည် ဆောက်ရေးအတွက်လည်း လို အပ်သည့်သင်တန်းများ၊ ဆွေး နွေးပွဲများနှင့် တရားဥပဒေစိုးမိုး ရေးအတွက် အဓိကကျသော ရဲ တပ်ဖွဲ့အတွက် နည်းပညာနှင့် အထောက်အကူပြုသင်တန်းများ ပေးခြင်း စသည့်ကူညီမှုများပေး နေသည်ဟုသိရသည်။
အဆိုပါထောက်ပံ့မှုများကို အမေရိကန် အစိုးရနှင့် ဆက်စပ်အဖွဲ့အစည်းများက ကူညီ ထောက်ပံ့နေခြင်းဖြစ်ပြီး အမေရိ ကန်စီးပွားရေး လုပ်ငန်းများကို လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင်ကျင်းပနေ သည့် အာဆီယံဒေသတွင်းနိုင်ငံ များအစည်းအဝေးသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတက်ရောက် နေချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနက အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် သြဂုတ်လ ၉ ရက်တွင် သီးသန့်တွေ့ဆုံခဲ့ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် အမေရိကန်အစိုးရက ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
http://www.7daydaily.com/story/18053
![]() |
အမေရိကန် ကူညီထောက်ပံ့ရေးအဖွဲ့မှ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မြေသြဇာများထောက်ပံ့ရန် ကွင်းဆင်းစမ်းသပ်နေစဉ် (ဓာတ်ပုံ −U.S. Embassy Rangoon) |

0 မှတ်ချက်များ:
Post a Comment