ကချင်ပြည်နယ်၊
မန်ဝိန်းကြီး ဒုက္ခသည်စခန်းရှိ စစ် ဘေးဒုက္ခသည်များအတွက် စိတ် ပိုင်းနှင့်
လူမှုရေးဆိုင်ရာ ပညာ ပေးစီမံကိန်းကို လာမည့်သြဂုတ် တွင် စတင်အကောင်အထည်
ဖော်မည်ဖြစ်ကြောင်း မန်ဝိန်းကြီး၊ စိန့်ပက်ထရစ် ဒုက္ခသည်စခန်း တာဝန်ခံ
မစ္စတာပီတာက ပြော ကြားသည်။
ရှမ်းပြည်နယ်နှင့် တရုတ် နိုင်ငံ နယ်စပ်အနီးရှိ ကချင်ပြည် နယ် မန်စီမြို့နယ် မန်ဝိန်းကြီး ဒုက္ခသည် စခန်းတွင် စစ်ဘေး ရှောင်ဒုက္ခသည် ၅,၀၀၀ ကျော် နေထိုင်ပြီး မန်ဝိန်းကြီးရှိ စိန့်ပက်ထရစ် စခန်းတစ်ခုတည်းတွင် စစ်ဘေးဒုက္ခသည် ၂၆၁၃ ဦး နေ ထိုင်လျက်ရှိသည်။
‘‘သုံးနှစ်ကျော် ကာလမှာ IDP တွေ (ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူများ) စိတ်ပိုင်းတော် တော်လေးထိတာ ရှိတယ်။ အရင် တုန်းက ရွာမှာနေရင် ကောင်း ကောင်း လူကောင်းဖြစ်တယ်။ ဒါပေမဲ့ ဒီမှာရောက်လာပြီးမှ အရက်သမားလုံးလုံး ဖြစ်သွားတာ တို့၊ အလုပ်မလုပ်ချင်တာတို့၊ ကိုယ့်မိသားစုနဲ့ အဆင်မပြေတာ တို့၊ ဒါက ကျွန်တော်တို့ တွေ့ရ တယ်’’ ဟု စိန့်ပက်ထရစ်ဒုက္ခ သည်စခန်း တာဝန်ခံမစ္စတာ ပီတာက ပြောသည်။
စိတ်ပိုင်းနှင့် လူမှုရေးဆိုင် ရာ ပညာပေးစီမံကိန်းတွင် စခန်း ရှိ ကလေးငယ်များ၊(၁၄)နှစ်မှ(၂၅) နှစ်ကြား လူငယ်များ၊(၂၅)နှစ်အ ထက်များဟူ၍ အသက်အရွယ် သုံးပိုင်းခွဲ၍ ပညာပေးမည်ဟု ဆို သည်။ ယင်းပညာပေးစီမံကိန်း တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့် ကဏ္ဍတစ်ခုလည်း ပူးတွဲ ထည့်သွင်းထားသည်ဟု သိရ သည်။
‘‘စစ်တပ်တွေ အကြောင်း မပြောရဲဘူး။ ကြောက်တယ်။ တစ်နိုင်ငံလုံး စစ်ဖြစ်လို့ ထွက် ပြေးလာရတာပဲ မှတ်မိတယ်။ အိမ်ပြန်ချင်တယ်။ စခန်းမှာ နေရ တာ ပျော်စရာမကောင်းဘူး’’ ဟု မန်စီမြို့နယ်၊ ခချန်ရွာမှ စိန့်ပက် ထရစ် ဒုက္ခသည်စခန်းသို့ ထွက် ပြေးတိမ်းရှောင်လာသူ အသက် (၅၉)နှစ်အရွယ် မရမ်ကော့က ပြောသည်။
ယခုပညာပေး အစီအစဉ်ကို ကရုဏာမြန်မာ လူမှုအဖွဲ့အစည်း (KMSS) ၏ အစီအစဉ်ဖြင့် ပြု လုပ်ခြင်း ဖြစ်သည်။ KMSS အနေဖြင့် မြစ်ကြီးနားရှိ ဒုက္ခသည် စခန်း ခုနစ်ခု၊ ဗန်းမော်မှ ရှစ်ခုနှင့် လားရှိုးမှ ခုနစ်ခု၌လည်း စမ်းသပ် အဆင့်အဖြစ် ပညာပေးအစီအ စဉ် ပြုလုပ်နေပြီး ယခုအခါ အစိုးရထိန်းချုပ်မှုအောက်ရှိ မန်ဝိန်းကြီး စခန်းတွင်ပါ ပြုလုပ်ရန် စီစဉ်လာ ခြင်းဖြစ်သည်။
ဒုက္ခသည်စခန်းတွင် နေထိုင် သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုများကို နှစ်သိမ့်ဆွေးနွေးပညာ ပေးပြီး ၎င်းတို့စိတ် ပေါ့ပါးမှုရှိစေ ရန် အဓိကရည်ရွယ်သည်ဟု ဆို သည်။
‘‘ဘာကြောင့် ဒါကို လုပ်ရ တာလဲဆိုတော့ တချို့ပုဂ္ဂိုလ်တွေ က ရူးသွပ်တာမျိုးရှိနိုင်တယ်။ အခု ဒီလူတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေ။ သူတို့မှာ ဒီအဖြစ်အပျက်တွေကြောင့် စိတ် ခံစားချက်တွေ ပါလာတတ်တယ်။ သူတို့တွေ ပေါ့ပေါ့ပါးပါးနဲ့ လူမှုအသိုင်းအ၀ိုင်းမှာ တစ်ထပ်တည်းကျ အောင် နေနိုင်ဖို့အတွက် နှစ်သိမ့် ဆွေးနွေးပေးတာမျိုးတွေ လုပ်မှာ ပါ’’ ဟု ကရုဏာမြန်မာလူမှုအဖွဲ့ အစည်း၏ စီမံကိန်း မန်နေဂျာ မရွယ်လင်က ပြောသည်။
၁၇ နှစ်ကျော်ကြာ အပစ်အ ခတ်ရပ်စဲပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်တွင် ပြန်လည်စတင် ခဲ့သော အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မ တော် (KIA) တို့ကြား တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရ သူ ဒေသခံပေါင်း သိန်းချီရှိနေခဲ့ သည်။
ကချင်လူမှုအဖွဲ့အစည်း များ၏ စာရင်းများအရ မြန်မာ- တရုတ်နယ်စပ် တစ်လျှောက်တွင် ဒုက္ခသည်စခန်းပေါင်း ၂၀ ကျော်ရှိပြီး ဒုက္ခသည်ပေါင်း တစ်သောင်း ကျော် ရှိနေသည်။
http://www.7daydaily.com/story/16913

![]() |
မန်ဝိန်းကြီးဒုက္ခသည်စခန်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ (ဓာတ်ပုံ −အောင်ခိုင်) |

0 မှတ်ချက်များ:
Post a Comment